ပစ္စည်းစာရင်းဌာနရဲ့စစ်စတမ်ကိုကိုတာဝန်ယူရသောအဖွဲ့ ကွန်ပျူတာစစ်စတမ်အင်ဂျင်နီယာ
- ခေါ်ယူနေသောအလုပ်အမျိုးအစားများ
- ပစ္စည်းစာရင်းဌာနရဲ့စစ်စတမ်ကိုကိုတာဝန်ယူရသောအဖွဲ့ ကွန်ပျူတာစစ်စတမ်အင်ဂျင်နီယာ
- အလုပ်အကြောင်း
- ကုမ္ပဏီရဲ့အရေးကြီးသောပစ္စည်းစာရင်းဌာနရဲ့အလုပ်ကိုထောက်ပံ့ပေးသောစစ်စတမ်အလုပ်ဖြစ်ပါတယ်။ မူလဒေတာတွေကိုပြုလုပ်ခြင်း, ရောင်းအားခွဲခြမ်းစိတ်ဖြာမှုတွေကိုပြုလုပ်ဖို့အတွက်Javaကိုအသုံးပြုသောဝက်ဘ်အပရီကေရှင်းရဲ့တည်ဆောက်လည်ပတ်ပုံများကိုလုပ်ဆောင်ပေးရသောအလုပ်အပြင်Postgresql, Mysql, OracleအစရှိသောDBနှင့်ပတ်သတ်သောအလုပ်များကိုလဲလုပ်ဆောင်ရမှာဖြစ်ပါတယ်။
- ဖြည့်စွက်ချက်
- စစ်စတမ်အင်ဂျင်နီယာအလုပ်အနေဖြင့်ပစ္စည်းစာရင်းဌာနနှင့်အတူလိုအပ်ချက်တွေကိုစုစည်းပြီးဗီယက်နမ်မှာရှိသောအောဖုရှိုးအဖွဲ့နှင့်ဆက်သွယ်ကာစစ်စတမ်ကိုညှိနှိုင်းတီထွင်တာကနေလည်ပတ်မှုတွေကိုစီမံခန့်ခွဲမှုအထိလုပ်ဆောင်ခြင်း, စစ်စတမ်ပေါ်စာရင်းချုပ်ပေါင်းခြင်းများ,ခွဲဝေခြင်းများကိုပြုလုပ်ခြင်း။အရည်အချင်းစွမ်းရည်နှင့်လိုက်ပြီးအကဲဖြတ်မှာဖြစ်ပါတယ်။(အငယ်တန်းကနေအကြီးတန်းအဆင့်အထိ)
- အလုပ်လျောက်ရန်လိုအပ်ချက်များ
- ဝက်ဘ်အပရီကေရှင်းနှင့်လုပ်ငန်းစစ်စတမ်တွေကိုပြုလုပ်ဖူးသူ(Java, SQLကို၃နှစ်အထက်), DBစီမံခန့်ခွဲခြင်းအတွေ့အကြုံ
- ကြိုဆိုသောအရည်အချင်း/အတွေ့အကြုံ
- ပရိုဂျက်မန်နေဂျာ, ဆော့ဝဲအင်ဂျင်နီယာအတွေ့အကြုံ, DBအင်ဂျင်နီယာအတွေ့အကြုံ, AngularJS, SpringBoot ,Oracle, Postgresql, Mysql, စစ်စတမ်အကြီးကြီးတွေတည်ဆောက်သောအတွေ့အကြုံရှိသူ
- ခေါ်ယူလိုသောလူ
- ပစ္စည်းစာရင်းဌာနရဲ့အလုပ်ကိုပိုမိုကောင်းမွန်လာအောင်အကြံပေးနိုင်သောသူ
- လစာ
- လစဉ်လစာ260,000ယန်း~450,000ယန်း
(၄၅နာရီအချိန်ပိုကြေး,အချိန်ပိုခ,ဆာတီဖီကိတ်လက်မှတ်နှင့်လုပ်ငန်းတာဝန်ခံခအပါအဝင် ) - ခေါ်ယူလိုသောအရေအတွက်
- 1ယောက်
- အလုပ်လုပ်ကိုင်ရမည့်ဒေသ
- ဟိနောဒဲချောရုံးခန်း :ရှိဇုအိုကစီရင်စု ရှိဇုအိုကမြို့ အအိုအိရပ်ကွက် ဟိနောဒဲချော ၉-၁၀
တိုကျိုရုံးခွဲ: စာတိုက်၁၀၁-၀၀၂၅ တိုကျိုမြို့ ချိအိုဒါရပ်ကွက် ခန်ဒါစခုမ ၁-၂၆ အာခိဟဘာရမူရအိတိုက် ၃လွှာ - အလုပ်ချိန်
- ၉နာရီ〜၁၈နာရီ
- ခံစားခွင့်
- အချိန်ပိုလုပ်အားခ
ညနက်ပိုင်းဆင်းလုပ်အားခ
အသွားအပြန်စရိတ်(ကန့်သတ်ချက်ယန်း၂၅,၀၀၀အထိထောက်ပံ့ပေးခြင်း)
အိမ်ယာစရိတ်
ကလေးစရိတ် - ကျန်းမာရေးအာမခံ
- အာမခံ(အလုပ်အကိုင်အာမခံ၊ ကျန်းမာရေးအာမခံ၊ ပင်စင်အာမခံ၊ မတော်တဆထိခိုက်မှုအာမခံ)
- အခြားခံစားခွင့်များ
- မင်္ဂလာဆောင်ဂုဏ်ပြုကြေးငွေ၊ ကလေးမွေးဖွားခြင်းအထိမ်းအမှတ်ဂုဏ်ပြုကြေးငွေ၊ ကျန်းမာရေးစစ်ဆေးမှု
- စီစစ်ခြင်းအကြောင်းအရာ
-
- စာရွက်စာတမ်းစီစစ်ခြင်း
- ကုမ္ပဏီရှင်းလင်းပွဲအွန်လိုင်းဖြင့်
- အင်တာဗျူးလိုအပ်ချိန် ၃၀မိနစ်~၁နာရီအတွင်း
ယခုခေတ်အခြေအနေကိုလိုက်၍အွန်လိုင်းအင်တာဗျူးကိုအဓိကထားပြီးပြုလုပ်လျက်ရှိပါသည်။ - အလုပ်ခန့်အပ်ခြင်း
※အလုပ်လျောက်ချိန်မှအလုပ်ရချိန်အထိ(အမြန်ဆုံးဆိုရင်)၂ပတ်အချိန်အတောအတွင်း
အလုပ်လျှောက်ပြီးချိန်အကြောင်းကြားခြင်း
အလုပ်လျှောက်ထားသူအကုန်လုံးထံသို့ ၃ရက်အတွင်းအကြောင်းကြားပါမည်။
လျှောက်ထားသူများပါက, အကြောင်းကြားခြင်းက နောက်ကျနိုင်ပါသည်။ - အလုပ််လျှောက်ရန်နည်းလမ်း
- ဝင်ခွင့်ပုံစံတွင်လိုအပ်သောအချက်အလက်များကိုဖြည့်သွင်း၍ ဝင်ရောက်ပါရန်။
သို့မဟုတ် အောက်မှာရှိသောဖုန်းနံပတ်ကိုဆက်သွယ်စုံးစမ်းနိုင်ပါတယ်
ဆက်သွယ်ရန်လိပ်စာ
a-Tooကုမ္ပဏီ TEL054-333-9133
၁၀နာရီမှ၂၀နာရီအထိလက်ခံဖြေကြားပေးလျက်ရှိပါသည်။