ကမ္ဘာကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက်အကျိုးပြုလုပ်ငန်းများ, လူသားအကျိုးပြုလုပ်ငန်းများအတွက်ပူးပေါင်းဆောင်ရွက်မှုများ

ကုလသမဂ္ဂက၂၀၁၅ခုနစ်စက်တင်ဘာလတွင်, "SDGsကမ္ဘာကြီးရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးရည်မှန်းချက်" ၁၇ချက်ကို၂၀၃၀ခုနစ်အထိအောင်မြင်ရမည်ဟုဖော်ပြထားသည်။
a-Tooအဖွဲ့သည်လည်းပြန်လည်အသုံးချရေးလုပ်ငန်းဖြင့် ကမ္ဘာကြီးရှိလူတွေကရေရှည်ချမ်းသာကြွယ်ဝစွာနှင့်ပျော်ရွှင်စွာနေထိုင်နိုင်ရေးကိုမျှော်မှန်းလျှက်ရှိပြီး, နိုင်ငံတကာအသိုင်းအဝိုင်း၏တစိတ်တဒေသအဖြစ်ပါဝင်၍SDGsရဲ့ရည်မှန်းချက်ကိုဖြည့်ဆည်းလျှက်ရှိပါသည်။
အသေးစိတ်ကိုနိုင်ငံခြားရေးဌာနHPသို့
အသေးစိတ်အားထုတ်မှုများ
















- ကျွန်ုပ်တို့ကုမ္ပဏီသည်မတူကွဲပြားခြင်းကိုစဉ်းစားအခြေခံ၍ မည်သူမဆိုမျှတစွာအလုပ်လုပ်နိုင်သောအခွင့်အရေးကိုပေး၍ နိုင်ငံ, ကျားမ, အသက်, ပညာအရည်အချင်း, ကျန်းမာသူ, မသန်စွမ်းသူဟူ၍ခွဲခြားခြင်းမပြုဘဲအလုပ်ခန့်အပ်ခြင်းကိုအမှန်တကယ်ကျင့်သုံးလျက်ရှိပါသည်။



- ကျွန်ုပ်တို့ကုမ္ပဏီသည် ကိုယ်ဝန်ဆောင်ခြင်းနှင့်မီးမဖွားမီခွင့်, ကလေးစောင့်ရှောက်ရေးခွင့်ကိုထည့်သွင်း၍ စိတ်အေးလက်ချစွာအလုပ်လုပ်ကိုင်နိုင်သောအလုပ်ပတ်ဝန်းကျင်ကိုထောက်ပံ့ပေးနေပါသည်။
- ကျွန်ုပ်တို့ကုမ္ပဏီသည် ဌာနအကုန်လုံးတွင်တိကျပြတ်သားသောအကဲဖြတ်စံကိုသတ်မှတ်၍ မျှတသောအကဲဖြတ်ရလဒ်ဖြင့်ဝန်ထမ်းများ၏မျှတမှုကိုအမှန်တကယ်ကျင့်သုံးလျက်ရှိပါသည်။
- ကျွန်ုပ်တို့ကုမ္ပဏီသည် ကြီးမားသောပစ္စည်းမာစတာဒေတာကိုသုံး၍ ကုန်ပစ္စည်း၏အသိပညာမရှိလဲဘဲ မည်သူမဆိုအလုပ်လုပ်ကိုင်နိုင်သောပတ်ဝန်းကျင်ကိုပြင်ဆင်ထားလျက်ရှိပါသည်။



- ကျွန်ုပ်တို့ကုမ္ပဏီသည် လစာဖြင့်ခွင့်ယူခြင်းကိုတိုးမြှင့်ခြင်း, ကျန်းမာရေးစစ်ဆေးခြင်း, စိတ်ဖိစီးမှုစစ်ဆေးခြင်းအစရှိသည်များကိုလုပ်ဆောင်၍ဝန်ထမ်းများ၏ကျန်းမာရေးကောင်းမွန်ရန်ကြိုးပမ်းလျက်ရှိပါသည်။
- ကျွန်ုပ်တို့ကုမ္ပဏီသည်ဝန်ထမ်းများ၏ကျန်းမာရေးကောင်းမွန်အောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်အတွက် စက်ဘီးဖြင့်အလုပ်လာသောဝန်ထမ်းများကို အပိုလစာများကိုပေး၍ စက်ဘီးဖြင့်အလုပ်လာရန်တိုက်တွန်းလျက်ရှိပါသည်။



- ကျွန်ုပ်တို့ကုမ္ပဏီသည် မီဒီယာပြန်လည်အသုံးပြုခြင်းလုပ်ငန်းဖြင့် မလိုအပ်သောပစ္စည်းများကိုစွန့်ပစ်ခြင်းမဟုတ်ပဲ တခြားလိုအပ်သောသူထံသို့ပို့ဆောင်ပေးသောအလုပ်ကိုတာဝန်တစ်ရပ်အဖြစ်ဆားဗစ်ပေးလျက်ရှိပါသည်။
- ကျွန်ုပ်တို့ကုမ္ပဏီသည် ကမ္ဘာသဘာဝပတ်ဝန်းကျင်နှင့်သတ်မှတ်ထားသောအရင်းအမြစ်ကိုထိန်းသိမ်းရန်အတွက်, ကုမ္ပဏီတစ်ခုလုံးတတ်နိုင်သလောက်စာရွက်ကိုအသုံးမပြုခြင်း, LEDမိီးချောင်းများကိုအသုံးပြုခြင်းများကိုအားတတ်သရောထည့်သွင်းဆောင်ရွက်လျှက်ရှိပါသည်။
- ကျွန်ုပ်တို့ကုမ္ပဏီသည် နွေရာသီတွင်အဲယားကွန်ကိုအသုံးပြုရာတွင်လဲ အပူချိန်စိုထိုင်းမှုနှင့်ဆိုင်သောတိကျသောသတ်မှတ်ချက်ကိုထား၍အသုံးပြုခြင်း/မပြုခြင်းကိုဆုံးဖြတ်ပါသည်။ သတ်မှတ်ချက်အပူချိန်မှာ၂၈ဒီဂရီဆယ်စီရပ်စ်ဖြစ်ပြီး၎င်းဖြင့်အသုံးပြုခြင်းကိုပြုလုပ်လျှက်ရှိပါသည်။
- ကျွန်ုပ်တို့ကုမ္ပဏီသည် ကမ္ဘာကြီးအပူချိန်မြင့်မားလာမှုကိုကာကွယ်ရန်ရည်ရွယ်ချက်ဖြင့် "Cool Biz ,Warm Biz" ကိုကျင့်သုံး၍ရာသီဥတုနှင့်လိုက်သောအဝတ်အစားဖြင့်အလုပ်လုပ်ခြင်းကိုခွင့်ပြုထားပါသည်။



- ကျွန်ုပ်တို့ကုမ္ပဏီသည် ဂျပန်စာကိုသင်ယူချင်သောနိုင်ငံခြားသားဝန်ထမ်းများကိုလဲအခမဲ့ဂျပန်စာကိုသင်ကြားပေးခြင်းများပြုလုပ်လျက်ရှိပါသည်။
- ကျွန်ုပ်တို့ကုမ္ပဏီသည် အနာဂတ်ရဲ့ကလေးများအတွက် တစ်နှစ်လျှင်တစ်ကြိမ်ကျွမ်းကျင်သောကစားသမားများကိုဖိတ်ခေါ်ကာ မူလတန်း၃~၆နှစ်ကလေး(ယောက်ျားလေး,မိန်းခလေး)များကိုဘောလုံးသင်တန်းကိုဖွင့်လှစ်လျှက်ရှိပါသည်။
- ကျွန်ုပ်တို့ကုမ္ပဏီသည် ဘောလုံးကလပ်"ရှိမိဇူအဲစ်ပဲရစ်ဘောလုံးအသင်း" ရဲ့တရားဝင်စပွန်ဆာအဖြစ်ရှိဇူအိုကကိုအားပေးလျက်ရှိပြီး, ဒေသလှုပ်ရှားမှုရဲ့ အကျိုးရှိလုပ်ငန်းများကိုပြုလုပ်လျက်ရှိပါသည်။